ကဲ.. Predefense (Предзащита) ပြီးတာနဲ့ဘာလုပ်မလဲ..  

Posted by SLIP

ဒီနေရာမှာ Predefense လုပ်နိုင်ဖို့အတွက် автореферат နဲ့ диссертация ဟာအားလုံးပြီး နေပြီးဖြစ်ရမှာပါ။ အဲဒီနှစ်ခုကိုအခြေခံပြီးနောက်ပိုင်းစာရွက်စာတမ်းတွေလုပ်သွားရမှာမို့လို့ပါ။ ပုံမှန်အားဖြင့်တော့ диссертация ပြီးရင် автореферат ပြီးပါတယ်။ автореферат ဆိုတာ thesis တခုလုံးရဲ့အကျဉ်းချုပ် (abstract of dissertation) မို့လို့ပါ။ автореферат ပြီးရင်တော့နောက်ပိုင်းဆက်လုပ်ရမယ့် စာရွက်စာတမ်း ၃ ပုံ ၁ ပုံပြီးပါတယ်။ Predefense လုပ်ရင်လည်း Slide တွေ(၂ စုံ (သို့) ၃ စုံ)ကို ပရင့်ထုတ်ထားရမှာဖြစ်သလို автореферат ကိုလည်း ၁ စုံ (သို့) ၂ စုံလောက်တော့ပရင့်ထုတ်ထားရမှာပါ။ ဆရာတွေအားလုံးက автореферат ကို ပဲအဓိကထားကြည့်မှာမို့လို့ပါ။ အဲဒါကြောင့် Supervisor အများစုက диссертация မပြီးသေးရင်တောင် автореферат ကိုတော့အမှားမခံပဲအရင်ဆုံးပြီးအောင် အမှားနည်းအောင်လုပ်ကြပါတယ်။ автореферат အကြောင်းကိုတော့နောက်ပိုင်း အချိန်ရရင် သီးသန့်ရေးနိုင်အောင်ကြိုးစားမှာပါ။ Predefense အပြီး လုပ်ရမယ့် စာရွက်စာတမ်းတွေနဲ့ ရုံးပိုင်းဆိုင်ရာလုပ်ငန်းတွေကို အဆင့်လိုက် တင်ပြပါမယ်။ အဲဒါတွေကတော့ -
၁) အဆင့် (၁) Выписка နဲ့ АКТပြင်ဆင်ခြင်း
၂) အဆင့် (၂) Совет (Board အဖွဲ့) ကိုတင်ဖို့ စာရွက်စာတမ်းစုဆောင်းပြင်ဆင်ခြင်း
၃) အဆင့် (၃) Совет အဖွဲ့သို့ Заявление နှင့် Заключение တင်ခြင်း
၎) အဆင့် (၄) Совет အဖွဲ့မှလက်ခံပြီးနောက် Автореферат ဖြန့်ခြင်း
၅) အဆင့် (၅) Defense နေ့တွင်လိုအပ်သောစာရွတ်စာတမ်းများ Совет သို့တင်ခြင်း
၆) အဆင့် (၆) Defense အပြီး ВАК သို့တင်ရန်စာရွက်စာတမ်းများပြင်ဆင်ခြင်း

အဆင့်လိုက်လုပ်ပုံလုပ်နည်းကို တဆင့်ချင်းနိုပ်ပြီးဖတ်ရူလေ့လာနိုင်ပါတယ်။ အဆင့်လိုက်တင်ပြထား ပေမယ့် အဆင့်တစ်ဆင့်အားလုံးပြီးမှနောက်အဆင့်ကိုလုပ်ရမယ်လို့မဆိုလိုပါဘူး။ ပထမအဆင့်လုပ်နေတုန်း နောက်အဆင့်တွေထဲက Documents တွေ လုပ်နိုင်တာကို ကြိုပြီးလုပ်ထားလို့ရပါတယ်။အဲလိုမှလည်း နောက်ပိုင်းအဆင့်တွေမှာပိုပြီးမြန်လာမှာပါ။ ပြင်ဆင်ချိန်လည်းပိုရတာပေါ့။အဆင့်လိုက်စပြီးလေ့လာကြရ အောင်...

0 comments

Post a Comment